Tuesday, June 19, 2007

အကယ်၍.........

အကယ်၍…
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ …
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်

အကယ်၍ …
အားလုံးက မင်းကိုမယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုမင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်
…။
အကယ်၍ …
စောင့်သင့်တဲ့အချိန်ကို စောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်
..မင်းရဲ့အကြောင်း
မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင်
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ မပြန့်ပွားဘူးဆိုရင်

ပြီးတော့ မင်းကိုမင်းလူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိ စကားတွေကိုလည်း မလွန်ဆန်ဘူးဆိုရင်

အကယ်၍ …
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…။
ပြီးတော့ အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်စေဘဲ
တွေးခေါ်နိုင်မယ် ဆိုရင်။
အကယ်၍ …
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ဧကံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်
မယ်ဆိုရင်
အကယ်၍

မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်

ဒါမှမဟုတ်
မင်းဘ၀တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို
အဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်လှတဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်

အကယ်၍ …
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတလက် ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်

ပြီးတော့…အစကနေ ပြန်စနိုင်မယ်ဆိုရင်။
ပြီး
တော့..ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်

အကယ်၍ …
သူများတကာလုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်တဲ့အခါ
မင်း တယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ


ဆက်
ကိးစားနိုင်မယ်ဆိုရင်
အဲဒီလိုပဲ
မင်းမှာစိတ်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အားကို ခိုင်မာစွာ နဲ့ပဲ
ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆို
င်
အကယ်၍ …
လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်

ဒါမှမဟုတ်…
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမဲ့
မာန်မာနသွေးမကြွဘူးဆိုရင်
..။
အကယ်၍…
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာက
ည်းအောင်မလုပ်နိုင်စေရင်
အကယ်၍ …
လူတိုင်းကို တန်းဖိုးထား လေးစားရပေမဲ့
စွဲလန်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်

အကယ်၍
..
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်

ငါ့သားရေ
..မင်းဟာ
အရာရာရှိတဲ့
အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့

အဲဒီတော့
မင်းဟာလည်း ယောက်ျားကောင်းတယောက်ပေါ့

IF

If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you
But make allowance for their doubting too,
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:

If you can dream--and not make dreams your master,
If you can think--and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build me up with worn-out tools:

If you can make one heap of all your winnings
And risk it all on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,
Or walk with kings--nor lose the common touch,
If neither foes nor loving friends can hurt you;
If all men count with you, but none too much,
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And--which is more--you'll be a Man, my son!

Rudyard Kipling

ဆရာမမေငြိမ်း၏ blog မှ ကူးယူထားပါသည်။


Friday, June 15, 2007

သတင်းအဖွင့်

ဘလော့ဂ်ဂါ သူငယ်ချင်းတွေကို ကျွန်တော် ဖတ်ဖူးသမျှတွေထဲက ဝေမျှလိုတာကတော့ သတင်းတွေ၊ ဆောင်းပါး တွေထဲမှာ ရေးသားလေ့ရှိတဲ့ သတင်းအဖွင့် နမူနာပုံစံများ ဖြစ်ပါတယ်။ အဲဒီ သတင်း အဖွင့်နမူနာပုံစံ တွေကို သတင်းစာ ဆရာကြီး ဦးညိုမြ ပို့ချချက်- ဂျာနယ်ကျော်တင့်ဆွေရဲ့ သတင်းစာ အခြေခံပညာ စာအုပ်မှာ ရေးသား ဖော်ပြထားလို့ ကျွန်တော် မှတ်စုထဲမှာ ရေးမှတ်ထားတာ ဖြစ်ပါတယ်။ မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ဘလော့ဂ် သတင်းတွေ ရေးသားရာမှာ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

သတင်းအဖွင့်

သတင်းခြေဆင်းဟု ယေဘုယျ သတ်မှတ်ထားသည်။ သတင်းအဖွင့်တွင် အဆီအနှစ်များကို ရေးရသည်။ ဒုတိယ-အကိုင်းအခက်သတင်း၊ တတိယ - သတင်းအသေးစိတ်ကို ချယ်မှုန်း၍ ရေးသားရသည်။ သတင်းအဖွင့်သည် အရေးကြီးသည် အလျောက် အောက်ပါ သတင်းရေးနည်းများ ဖြစ်ပေါ်လာသည် -

(၁) သံမှိုနှက်အဖွင့် (Punch Lead)

(၂) သရုပ်ဖော်အဖွင့် (Picture Lead)

(၃) ဆန့်ကျင်ဘက်နှိုင်းယှဉ်အဖွင့် (Contrast Lead)

(၄) မေးခွန်းအဖွင့် (Question Lead)

(၅) နောက်ကျောခံအဖွင့် (Background Lead)

(၆) ကောက်နှုတ်ချက်ကိုးကားအဖွင့် (Quotation Lead)

(၇) မူသစ်ထွင်အဖွင့် (Freak Lead)

သံမှိုနှက်အဖွင့် - (အကောင်းဆုံးလှုပ်ရှားမှုကို ထိပ်ပေါ်တင် ရေးသည်။ )

ဥပမာ - မှောင်သော ညတစ်ည၌ ဒိန်းကနဲ ပေါ်ထွက်လာသော သေနတ်သံ၊ ပွင့်သွားသော ယမ်းမီးခိုးများ အကြား ဗိုလ်ထွန်းဝင်းသည် မကြင်စိန် လက်ချက်ကြောင့် ကွယ်လွန်ခဲ့ရ လေသည်။

သရုပ်ဖော်အဖွင့်- (မျက်စိထဲတွင် ရုပ်ရှင်သဖွယ် ထင်မြင်လာအောင် ရေးသည်။ )

ဥပမာ - တရှိုက်ရှိုက် ငိုကြွေးရာမှ လက်ကိုင်ပုဝါ အစိမ်းရောင်လေးဖြင့် မကြာခဏ မိမိမျက်နှာကို သုတ်ကာ လုံးကြီး ပေါက်လှ ဇာတ်သူမှ မကြင်စိန်လေးသည် ။

ဆန့်ကျင်ဘက်နှိုင်းယှဉ်အဖွင့် - (ထိုသတင်း အဖြစ်အပျက်ကို ရှေးဟောင်းသဏ္ဍာန်နှင့် နှိုင်းယှဉ်ရေးသည် )

ဥပမာ - လုံးကြီးပေါက်လှ ဇာတ်သမ မကြင်စိန်သည် ယခင်အခါများ၌ ဘုရားပွဲ၊ ကျောင်းပွဲများတွင် မူယာမာယာ ကြာမူဟန် ပါပါနှင့် ပျော်ရွင်စွာ ကပြခဲ့ရာမှ ယခုအခါ ၄င်းကို သေဒဏ်ပေးမည့် ရုံးမင်းနှင့် ပရိသတ်ရှေ့ဝယ် တငိုငို ဖြစ်လျက် အမှုကို ရင်ဆိုင် နေရရှာ၏ ။

မေးခွန်းအဖွင့် - (သတင်းဖြစ်ပျက်သော အကြောင်းအရာ မရေးမီ ထိုအဖြစ်အပျက်နှင့် စပ်လျဉ်းသော စိတ်ဒွိဟ ဖြစ်စရာ မေးခွန်းနှင့် ရေးသည်။ )

ဥပမာ - ဗိုလ်ထွန်းဝင်းကို ပစ်သတ်သော သေနတ်သံကြီး မပေါ်မီ မကြင်စိန်၏ အိမ်ခန်းအတွင်းက မီးခွက်ကို ဘယ်သူမှုတ်လိုက်သနည်း။

ကိုးကားအဖွင့် - (သတင်း အဖြစ်အပျက်တွင် ပါသော ကာယကံရှင် တစ်ဦးဦး၏ အရေးကြီးသော စကားကိုပြရင်း ကိုးကားအဖွင့်ရေးသည်။ )

ဥပမာ - ``ကျွန်မ သူ့ကို မသတ်ပါ။ ဗိုလ်ထွန်းဝင်းကို ကျွန်မ အလွန်ချစ်ပါသည်။ ကျွန်မတို့ လက်ထပ်ရန် စီစဉ်ပြီး ဖြစ်ပါသည်။ `` ဟု ငိုယိုရင်း အစစ်ဆေးခံ နေသော မကြင်စိန်ကို .......

နောက်ကျောအဖွင့် - (အချင်းဖြစ်ပွားသော နေရာသည် အကယ်၍ ထင်ရှားသော နေရာ ဖြစ်ပါက ထိုနေရာကို ကျော်ထောက် နောက်ခံ ပြု၍ ရေးသည်။ )

ဥပမာ - ဧည့်သည် ပရိသတ်အပေါင်း ၂၀၀ ကျော်တို့ ဒင်းကြမ်းပြည့်လျက် လူတိုင်း ခြေဖျားထောက်ကာ မကြင်စိန်၏ မပွင့်တပွင့်အသံကို နားထောင်ကြသော အမှုကြီး ယမန်နေ့က ရန်ကုန်မြို့ အရေးပိုင်မင်းရုံး ......

မူသစ်အဖွင့် - (ရေးရိုးရေးနည်းမဟုတ် စာဖတ်သူအား တစ်မျိုးတစ်ဖုံ ဖြစ်သွားအောင် ရေးသည်။ အခက်အခဲများ သော ရေးနည်း ဖြစ်၏ ။ )

ဥပမာ - မကြင်စိန်သည် ယမန်နေ့က ၄င်း၏ နောက်ဆုံး ပွဲကြည့်ပရိသတ်ရှေ့၌ အစွမ်းကုန် ကြိုးစား အသုံးတော် ခံရှာလေသည်။ ခါတိုင်း၌မူ ဆုတော်ငွေ ရွှေတံဆိပ်များကို မျှော်မှန်းကာ ကပြခဲ့သော်လည်း ယခုမူ ၄င်း၏ အသက်ရှင်ရေး ဆုထူးကြီးအတွက် အစွမ်းကုန် ကြိုးစား ကာကွယ် ထုချေချက် ပေးနေရရှာ၏ ။

Saturday, April 28, 2007

မှတ်သားမိသော စကား

ဒီအကြောင်းအရာရဲ့ ခေါင်းစဉ်က ဒီစာမှာပါတဲ့အတိုင်းဆိုရင် Rules for Being Human တဲ့။ လူအဖြစ်ကို ရမည့် လူတစ်ယောက် သိသင့် သိထိုက်တဲ့ အကြောင်းအရာအချို့ကို သြ၀ါဒပေးတဲ့ သဘောပါပဲ့။ အကြံဥာဏ်ပေးတဲ့ သဘောမျိုး၊ လူ့ပြည်ကို သွားတော့မယ့် လူတစ်ယောက်ကို မှာနေတဲ့ သဘောမျိုးဖြစ်တယ်။ မင်းလူ့ပြည်ကို သွားတော့မယ်။ မင်းလူ့ပြည်မှာ သိသင့်သိထိုက်တာလုပ်၊ လုပ်သင့် လုပ်ထိုက်တာတွေကို အခုကြိုးစားပြီးတော့ မှာလိုက်မယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ့။ အဲဒီအချက်တွေကတော့ .....


၁။ You will receive a body. You may like it or hate but it wills yours for the entire period this time around.

(သင်ဟာ ခန္ဓာကိုယ်တစ်ခု ရမယ်။ အဲဒီခန္ဓာကိုယ်ကို သင်ကြိုက်ချင်လည်း ကြိုက်မယ်။ မုန်းချင်လည်း မုန်းမယ်။ ဒီဘ၀အတွက်တော့ ဒီခန္ဓာကိုယ်ဟာ သင့်ခန္ဓာကိုယ်ပါပဲ့။ )


၂။ You will learn lessons. You are enrolled in a full time informal school called life.

(ရောက်သွားတဲ့ ဘ၀မှာ သင်ဟာ သင်ခန်းစာတွေကို အများကြီး ဆည်းပူးရလိမ့်မယ်။ ဘ၀လို့ခေါ်တဲ့ သင်ရိုး သတ်မှတ်ချက်မရှိတဲ့ အချိန်ပြည့်ကျောင်းကြီးမှာ သင့်ကို စာရင်းသွင်းထားပြီ။)


၃။ There are no mistakes, only lessons.

( အမှားမရှိပါဘူး။ သင်ခန်းစာတွေချည်းပါပဲ့။ )


၎။ In the long run we get what we deserve.

( ရေရှည်မှာ ကိုယ့်နဲ့ထိုက်တန်တာ ကိုယ်ရတယ်။ )


၅။ learning lessons does not end.

( ပညာသင်တာ အဆုံးမရှိဘူး )


၆။ '' There '' is no better than '' here ''

( ဟိုနေရာဟာ ဒီနေရာထက် ပိုမကောင်းဘူး။ အနာဂတ်ဟာ ပစ္စုပ္ပန်ထက် ပိုမကောင်းဘူး )


၇။ Others are merely mirrors of your.

( သူတစ်ပါးဟာ သင့်ရဲ့မှန်တွေပါပဲ့။ )


၈။ What you make of your life is up to you .

(သင့်ဘ၀ကို သင်ဘယ်လိုလုပ်တယ်ဆိုတာ သင့်ပေါ်မှာပဲ့ မူတည်ပါတယ်။ )


၉။ Your answers lie inside you. The answer to your life's questions lie inside you.

(သင့်အတွက် သင့်အဖြေဟာ သင့်အတွင်းမှာပဲ့ ရှိပါတယ်။ သင့်ဘ၀နဲ့ ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေဟာ သင့်အတွင်းမှာပဲ့ ရှိပါတယ်။ )


၁၀။ You will forget this.

( အခုလိုမှာလိုက်တာကို သင်မေ့သွားလိမ့်မယ်။ )


ဆရာတော်ဦးဇောတိက၏ '' ဘ၀ဆိုတဲ့ကျောင်း '' စာအုပ်မှ.......

Monday, April 23, 2007

ကျွန်တော် နှစ်သက်ခံစားမိသော ကဗျာတစ်ပုဒ်

ခရေကောက်

ဟေး ... ကြည့်စမ်းမောင်
ဟိုလမ်းပေါ်မှာ ဘာတွေပါလိမ့်
မိုးရွာတုန်းက မတွေ့ရဘူး
ခုမှကြွေတဲ့ ခရေပန်း။
သွားကောက်ရအောင်
အိုး.... မောင်ကလဲ အရေးထဲမှာ
လာပါမောင်ရဲ့ ခြင်းယူခဲ့လေ
ကောက်ထည့်စရာ ပါမှပေါ့။
မလိုက်ချင်ရင် နေချင် နေခဲ့
ခရေပွင့်ကောက် ပြန်လို့ရောက်မှ
ကျွန်မခေါင်းမှာ ပန်လို့လာတဲ့
ပွင့်လွှာဖြူဖွေး မောင်မမွှေးနဲ့
ထွက်ပြေးမှာပဲ သိရဲ့လား။

မောင်ဆွေတင့်(၁၉၆၂)

Sunday, April 22, 2007

ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်မက်အာသာ၏ ဆုတောင်း


သားတစ်ယောက် ထုဆစ်ပေးပါ။
အိုအရှင်
အကျွန်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ် ။ ဒီသားဟာ -
- အားနည်းနေချိန်မှာ သန်မာကြံ့ခိုင်တဲ့သူအဖြစ်ကို သိတဲ့သား ....
- ဂုဏ်ရှိရှိ ရှုံးနိမ့်ရချိန်မှာ မာနမကျိုး၊ ခါးမချိုးတဲ့သား ....
- အောင်ပွဲခံနိုင်ချိန်မှာ မ၀င့်မ၀ါဘဲ သိမ့်မွေ့ယဉ်ကျေးတတ်တဲ့သားမျိုး ဖြစ်စေ
ချင်ပါတယ်။
အကျွန်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ်......
- ဒီသားရဲ့ ညှပ်ရိုးဟာ ကျောရိုးရှိရမယ့်နေရာမှာ ရောက်မနေတဲ့သား..
- အရှင့်ကို ကောင်းစွာသိတဲ့သား ....
- သူကိုယ်တိုင် အသိပညာရဲ့ အုတ်မြစ်ကျောက်တုံး ဖြစ်မှုကို သိတဲ့သားမျိုး
ဖြစ်စေချင်ပါတယ်။
- သူ့ကိုပန်းခင်းလမ်းဆီမညွှန်ကြားဘဲ အခက်အခဲအမျိုးမျိုးကြားမှာ စွမ်းပကား
အပြည့်နဲ့ ရုန်းကန်လှုပ်ရှားရမယ့်လမ်းဆီသို့သာညွှန်ကြားဖို့ ပန်ကြားအပ်
ပါတယ်။
- အဲဒီနေရာက မုန်တိုင်းထဲမှာ မားမားမတ်မတ်နဲ့ ရပ်နိုင်ဖို့သင်ယူခွင့်လေးပေး
စေချင်ပါတယ်။
- မရပ်နိုင်ဘဲ ပြိုလဲကျဆုံးသွားသူတွေကို ကြင်နာသနားတတ်အောင် သင်ယူ
စေချင်ပါတယ်။
အကျွန်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ် ................
- နှလုံးသား ကြည်လင်ပြတ်သားတဲ့သား ....
- ပန်းတိုင်မြင့်မားတဲ့သား .....
- အခြားလူတွေအပေါ်သြဇာညောင်းနိုင်ဖို့လမ်းရှာမတွေ့ခင်မှာသူ့ကိုယ်သူ သြဇာ
ညောင်းနိုင်တဲ့သား ....
- ရယ်ခြင်းအတတ်ကို တစ်ဖက်ကမ်းခတ်တတ်မြောက်ပေမယ့် ငိုနည်းကိုလည်း
ဘယ်တော့မှ မမေ့တဲ့သား ......
- အနာဂတ်ကာလထဲရောက်တော့မယ့် အတိတ်ကို တစ်ဆစ်တစ်ရံတောင် မေ့မပစ်
တတ်တဲ့သားမျိုး ဖြစ်စေချင်ပါတယ်။
ဒီအရည်အသွေးတွေအပြင်
- သူ့မှာဟာသဓာတ်ခံလေးလည်းရှိစေချင်ပါသေးတယ်။ဒါမှသူ့အတွက်ဘယ်တော့မှ
အလေးအနက်မထားပေမယ့် အများတကာအတွက် အလေးအနက် အမြဲထားတတ်
သွားမှာပါ။
- နှိမ့်ချတတ်တဲ့ သားတစ်ယောက်လည်း ဖြစ်စေချင်ပါသေးတယ် ....... ဒါမှ သူဟာ
....... စစ်မှန်သော ကြီးမြတ်မှုရဲ့ ရိုးစင်းခြင်း .........
....... အသိဥာဏ်ရဲ့ ပွင့်လင်းစိတ်ထား .....
....... ခွန်အားအစစ်ရဲ့ ပျော့ပျောင်းသိမ်မွေ့မှုတွေကို အမြဲသတိရနေမှာပါ။ .....
ဒီလိုသားမျိုး ပိုင်စိုးနိုင်သည့် အခါမှ `` ငါအချည်းနှီး အသက်ရှင်နေတာ
မဟုတ်ပါလား `` လို့ရေရွတ်ရဲတော့မှာပါ။

ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်မက်အာသာ
အမေရိကန်တပ်မတော်

တဂိုးရဲ့ကဗျာတစ်ပုဒ်

နေမင်းကြီး ၀င်သွားပြီကောရယ်လို့
မျက်ရည်ကျနေရင် ကြယ်ရောင်တွေကိုလည်း
မမြင်ရတော့ဘူးပေါ့။
(တဂိုး)

Thursday, March 29, 2007

ကျွန်တော်အနှစ်သက်ဆုံး ဘာသာပြန် ကဗျာတစ်ပုဒ်

- တောင်ကုန်းထိပ်က ထင်းရှုးပင်လေး မင်းမဖြစ်နိုင်ရင်လဲ တောင်ကြားထဲက ချုံပုတ်ကလေး မင်းဖြစ်လိုက်ပေါ့ ။ ဒါပေမယ့် အကောင်းဆုံးချုံပုတ်ကလေးတော့ ဖြစ်ပစေလေ။
- သစ်တစ်ပင်မဖြစ်နိုင်လျင်လည်း ချုံနွယ်ကလေးတစ်ခုတော ဖြစ်သင့်ပါတယ်။ ချုံနွယ်မဖြစ်ရင်လည်း မြက်ပင်ကလေးပေါ့ ။ လမ်းမကို ပျော်စရာအလှဆင်ရအောင်လေ။
- အနံ့မွှေးတဲ့ ကတိုးကောင်လေးမဖြစ်ရင်လည်း ရေထဲကငါးကလေးပေါ့။ ဒါပေမယ့် ကန်ထဲမှာ အပျော်ဆုံး ငါးကလေး ဖြစ်ပစေ။
- သင်္ဘောတစ်ခုမှာ ကပ္ပတိန် တို့အားလုံးဘယ်လိုဖြစ်နိုင်မလဲ။ သင်္ဘောသားလည်း ရှိရအုံးမှာပေါ့။
- အလုပ်ကြီးကြီးလုပ်ရဖို့ရှိ ၊ အလုပ်ငယ်ငယ်လုပ်ရဖို့လည်းရှိ ၊ တို့လုပ်ရမှာက ကိုယ်ကျရာကိုယ့်အနားက အလုပ်။
- လမ်းမကြီး မင်းမဖြစ်နိုင်လျင်လည်း လူသွားလမ်းကလေး ဖြစ်လိုက်ပေါ့။ နေမင်းကြီးမဖြစ်နိုင်လျင်လည်း ငွေကြယ်ကလေးပေါ့ ။ အောင်မြင်တယ်။ ဆုံးရှုံးတယ်ဆိုတာ အရွယ်အစားနှင့် မဆိုင်ပါဘူး။ မင်းဘာပဲ့ ဖြစ်နေဖြစ်နေ အကောင်းဆုံး ဖြစ်ဖို့ပဲ့လိုတယ်လေ။

Monday, March 26, 2007

ငါသည် မကောင်းမှုများစွာကို သိ၏။သို့သော်ငါသိသလောက် မရှောင်ကြဉ်နိုင်ခဲ့။ငါသည် ကောင်းမှုများစွာကို သိ၏။သို့သော် ငါသိသလောက် လိုက်မလုပ်နိုင်ခဲ့။